Network

Saturday, May 28, 2011

Server 2008 မှ Server Manager အကြောင်း


ကဲ...ဒီတစ်ခေါက်တော့ Windows Server 2008 အတွင်းမှာ အသစ်ပါဝင်လာတဲ့ Console တစ်ခုနဲ့
မိတ်ဆက်ပေးပါရစေ။ ၎င်း Console မျိုးကို သင်တို့လည်း Server 2003 မှာ တစ်ခြားသော ပုံစံ Type
တစ်မျိုးနဲ့ မြင်ဖူးနေကြပါ။ Server 2003 မှာတော့ Manage Your Server ပေါ့။ ၎င်း Manage Your Server
ကနေမှတစ်ဆင့် သင်သည် Server ရဲ့ Role တွေကို တပ်ဆင်နိုင်ခြင်း၊ ဖြုတ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ဒီလိုပါပဲ။ Microsoft ကနေမှတစ်ဆင့် ၎င်းရဲ့ Server 2008 မှာတော့ နောက်ထပ် Console အသစ်တစ်ခုနဲ့
ထည့်သွင်းအသုံးပြုလာပါတယ်။ ၎င်း Console ရဲ့ နာမည်ကတော့ Server Manager ဆိုတဲ့ Console
ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၎င်း Server Manager ဆိုတဲ့ Console ကနေမှတစ်ဆင့်သင်သည် Server
System တစ်ခုလုံးနီးပါးကို တစ်နေရာထဲမှနေ ၀င်ရောက်ထိန်းချုပ်နိုင်ပါတယ်။ ကဲ အောက်မှာ ၎င်း Server
Manager ကို ဘယ်ကနေမှ ၀င်ရောက်နိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ လေ့လာကြည့်ကြမယ်နော်။





ကဲ..ဒုတိယပုံမှာတော့ Server Manager Console ကို တွေ့ရှိသွားပါပြီ။




ကဲ...၎င်း Server Manager ထဲရောက်သွားပြီဆိုရင် သင်သည် Group ပေါင်း(၅)ခုကို
အစဉ်လိုက်တွေ့ရပါမယ်။ ဒါတွေကတော့ သင်(လုံးဝ)နားလည်ရမယ်နော်။ ဒါတွေက အရေးကြီးတယ်။
နောက်ပြီး တစ်ခုချင်းစီက ဘာတွေလုပ်ပေးတာလဲဆိုတာ သိဖို့လိုအပ်တယ်။ ကဲ ဒီတော့ Server Manager
ထဲမှာ မြင်တွေ့ရမယ့် Group အရေအတွက်က (၅)ခုတိတိရှိပါတယ်။ ဒါတွေကတော့_
(1)Roles ( Server ရဲ့ Roles များကို ထပ်မံတပ်ဆင်နိုင်ခြင်းနှင့် ပြန်လည်၍ ဖြုတ်ချနိုင်ခြင်း )
(2)Features ( Server 2008 ၌ နောက်ထပ်ပါဝင်လာသော Features များကို ထည့်သွင်းနိုင်ခြင်းနှင့်
ပြန်လည်၍ ဖြုတ်ချနိုင်ခြင်း၊ ဥပမာ....၎င်း Features ၌ Windows Server Backup များ၊ Bitlocker Drive
Encryption တို့ ဖြစ်ပါတယ်။)
(3)Diagnostics (၎င်းအတွင်း၌ Log များကို ၀င်ရောက်ကြည့်ရှုနိုင်ခြင်းဆိုတဲ့ Event Viewer Device Manager တို့နဲ့ Performance များကို ထိန်းချုပ်နိုင်ခြင်း။
(4)Configuration အတွင်း၌ (Schedule Task များ၊ Windows Server ရဲ့ Firewall များ၊ Services နှင့် WMI Control များ) ကို သတ်မှတ်ထိန်းချုပ်နိုင်ခြင်းနှင့်
(5) Storage အတွင်း၌ (Disk Management နှင့် Windows Server Backup တို့ပါဝင်ခြင်း)
စသည်တို့ဖြစ်ပါတယ်။
ကဲ...ဒီတော့ အခုပြောပြတဲ့ ဆောင်းပါးမှာ Server Manager ဆိုတဲ့ Console ကို အခြေခံသဘောတရားအရ
ပြောပြခဲ့ပါတယ်။ ဒီတော့ နောက်ပိုင်းဆောင်းပါးတွေမှာ ၎င်း Server Manager ထဲကို ၀င်ရောက်ပြီး
ပြင်ဆင်တော့မှာပါ။ ဒီတော့ သင်သည် အခုလက်ရှိဖတ်နေတဲ့ ဆောင်းပါးကို
အသေးစိတ်နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်နောက်ပိုင်း Configuration တွေကို
နားလည်နိုင်မှာဖြစ်ပါတယ်။

Virus ကြောင့် Task Manager ၊ Regedit ၊ Folder Option ၊ cmd များပျောက်နေပါသလဲ?

Virus ကြောင့် Task Manager ၊ Regedit ၊ Folder Option ၊ cmd များပျောက်နေပါသလား?

မိမိရဲ့ Computer မှာ Virus ကြောင့် Task Manager တို့၊ Regedit တို့ cmd (Command Line) တို့၊ Folder Option တွေခေါ်လို့မရတာတွေ ကြုံဖူးကြမှာပါ။
အဲဒီလိုကြုံတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ။ မိမိဘာသာ Manual နဲ့ဖြေရှင်းလို့ရသလို Software Tool တွေကို အသုံးပြုပြီးဖြေရှင်းလို့လည်း ရပါတယ်။
ကဲ..အခု Virus ကြောင့် အပိတ်ခံထားရတဲ့ (ခေါ်လို့မရတဲ့) အရာတွေကို Manual အရသွားပြီး Enable
လုပ်ပုံကိုပြောပြချင်ပါတယ်။

Enable Task Manager

မိမိရဲ့ Computer မှာ Virus ၀င်ပြီဆိုရင် Anti-Virus Software တွေကိုသုံးပြီး Virus တွေကို ဖယ်ရှားကြပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာ ကိုယ့် PC ကနေ Virus တွေကို ဖယ်ရှားလိုက်ပေမယ့် တစ်ချို့ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်တယ်။
ဥပမာ... Task Manager ကို အသုံးပြုချင်လို့ Ctrl+Alt+Del ကို နှိပ်လိုက်တဲ့အခါမှာ အောက်ပါအတိုင်း Error ပြတော့တာပဲ။



ကဲ...ဒါဆိုရင် Task Manager ကိုပြန်ပြီး ဘယ်လိုဖွင့်ကြမလဲ။ ပြောပြပေးပါ့မယ်။

၁။ Start>Run Box မှာ gpedit.msc လို့ရိုက်ထည့်ပါ။



Group Policy Box ကျလာပါပြီ။ ၎င်း Box ထဲမှာ User Configuration အောက်က Administrative Templates
အောက်က System အောက်က Ctrl+Alt+Del Option ဆိုတာကို ရောက်အောင်သွားပါ။



Ctrl+Alt+Del Option ကိုနှိပ်လိုက်တာနဲ့ ညာဘက်မှာ Remove Task Manager ဆိုတာကို တွေ့ပါလိမ့်မယ်။



၎င်း Remove Task Manager ကို Right Click နှိပ်ပြီး Properties လို့ပြောပါ။ Remove Task Manager Properties
Box ကျလာပါလိမ့်မယ်။








၎င်း Properties Box ထဲမှာ Disable ဆိုတာကိုရွေးပြီး OK လို့ပြောပါ။ ဒါဆိုရင် Remove Task Manager မှာ Disable
ဖြစ်သွားပါပြီ။



ဒါဆိုရင်တော့ Ctrl+Alt+Del နှိပ်ပြီး Task Manager ကိုခေါ်လို့ရသွားပါလိမ့်မယ်။



Enable Registry
မိမိရဲ့ Computer မှာ Virus ကြောင့် regedit ကိုအသုံးပြုလို့မရတဲ့အခါမျိုးကြုံဖူးမှာပေါ့။ Regedit ကလည်း
အလွန်အသုံးဝင်တဲ့ System Tools တစ်ခုပါပဲ။ System နဲ့ ပတ်သက်တဲ့အရာအားလုံးလိုလိုပဲ Registry ထဲမှာသွားပြင်လို့
ရတယ်ဆိုတော့ ဒီ Registry ကိုမှခေါ်လို့မရတော့ဘူးဆိုတော့ တော်တော်စိတ်ပျက်စရာကောင်းသွားပြီပေါ့။ ဒါပေမယ့်
စိတ်မပူပါနဲ့။ သူ့ကိုပြန်ခေါ်လို့ရအောင် လုပ်တဲ့နည်းတွေရှိပါတယ်။

၁။ ပထမဦးဆုံး Run Box မှာ gpedit.msc လို့ရိုက်ထည့်လိုက်။ OK နှိပ်။
၂။ Group Policy Box ကျလာတဲ့အခါ User Configuration အောက်က Administrative Templates အောက်က
System ဆိုတာကို တွေ့ပါလိမ့်မယ်။


ဘယ်ဘက်မှာရှိတဲ့ System ကို Select မှတ်လိုက်တာနဲ့ တစ်ပြိုင်တည်းညာဘက်မှာ Prevent access to registry
editing tools ဆိုတာကို တွေ့ပါလိမ့်မယ်။ ၎င်းကို Right-Click နှိပ်ပြီး Properties ကို နှိပ်လိုက်ပါ။




၎င်း Properties Box ထဲကမှ Disable ဆိုတာကိုရွေးပြီး Apply ၊ OK ကိုနှိပ်ပါ။




ဒီ Run Box မှာ gpedit လို့ပြန်ခေါ်ကြည့်ပါ။ ရသွားပါလိမ့်မယ်။



ထိုနည်းတူပဲ Command Line Interface ကိုခေါ်မရခဲ့လို့ရှိရင်လည်း အထက်က Registry ကိုသွားခဲ့တဲ့ နည်းအတိုင်း
ပြန်သွားပြီးတော့ Prevent access to registry editing tools ဆိုတာကိုရွေးပြီး Disable လုပ်ပေးလိုက်ပါ။







Enable Folder Option

ကဲ...ဒီတစ်ခါမှာတော့ မိမိ Computer မှာ Virus ကြောင့် Folder Option ပျောက်နေတတ်ပါတယ်။ အဲဒီအခါမှာ Folder
Option ကို ဘယ်လိုပြန်ပြီး Enable လုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။



မိမိ Computer မှာ Folder Option ကိုခေါ်လို့မရတော့ဘူးဆိုရင်တော့ Group Policy ထဲကိုသွားပါ။






User Configuration>Administrative Templates>Windows Components>Windows Explorer ကို
ရောက်အောင်သွားပါ။



၎င်းနောက် ညာဘက်မှာရှိတဲ့ Remove the folder options menu item from the tools menu ဆိုတာကို Right
Click နှိပ်ပြီး Properties လို့ပြောပါ။



၎င်းနောက် Properties Box ထဲက Disable ကိုရွေးပြီး Apply ၊ OK ကို နှိပ်လိုက်ပါ။



ဒါဆိုရင်တော့ Folder Option ကို ခေါ်လို့ရသွားပါလိမ့်မယ်။



ဒါတွေကတော့ မိမိဘာသာ Manual အရပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ မိမိက အဲဒီလိုမလုပ်ချင်ပဲ Remove Restriction Tool (RRT) ကိုအသုံးပြုလို့ရှိရင်လည်းရပါတယ်။ ၄င်း RRT Software လေးဟာဆိုရင် သူ့ကို Run လိုက်တာနဲ့ အထက်မှာဖော်ပြထားတဲ့ အရာတွေကို enable လုပ်ပေးနိုင်ပါတယ်။




ကဲ.........ဒိလောက်ဆိုရင်တော့ Virus ကြောင့် Task Manager , regedit , cmd , folder option တို့ကို ခေါ်လို့မရတော့မှာ စိုးရိမ်စရာမလိုတော့ဘူးပေါ့နော်။

Cafezee အသုံးပြုပုံ (အသေးစိတ်)

Cafezee အသုံးပြုပုံ (အသေးစိတ်) အခု ကျွန်တော်ရေးသားပေးမယ့် အကြောင်းလေးကတော့ Cafezee Software အသုံးပြုရမယ့်ပုံစံတွေကို
Step by Step ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အခုရေးသားပေးမယ့် Cafezee Version ကတော့
3.9 Version ပဲဖြစ်ပါတယ်။ Cafezee Software ကို ကျွန်တော်တို့သိထားဖို့ တစ်ခုရှိပါတယ်။ အဲဒါက

Cafezee Software ကို Install လုပ်ချိန်မှာ Server လား Client လားဆိုပြီး ရွေးခိုင်းတာလေးရှိပါတယ်။
အဲဒီမှာ ကျွန်တော်တို့ ရွေးချယ်ရမှာက Cafezee Server ထိုင်မယ့် Computer မှာ Server
လို့ရွေးပေးရမှာဖြစ်တယ်။ ပြောချင်တာက User အားလုံးကိုလှမ်းပြီး ထိန်းချုပ်မယ့်  Computer
ကိုပြောတာဖြစ်ပါတယ်။ User တွေ အသုံးပြုမယ့် Computer ကိုတော့ Client ဆိုပြီးရွေးချယ် Install
လုပ်ရမှာဖြစ်ပါတယ်။ ကောင်းပြီ။ ကျွန်တော်အခုပြောပြထားတဲ့အချက်ကိုသိပြီဆိုရင် Cafezee Software
ကို Install လုပ်ကြရအောင်နော်။

Cafezee Server Install
Cafezee Software ကို Install လုပ်ရန် Cafezee Software ရှိတဲ့ CD Drive (or) Hard Disk Drive
ထဲသို့ဝင်ပါ။ ပြီးရင် setup.exe file ကို Double Click နှိပ်ပြီး Run ပါ။ ပုံ(1) တွင်ကြည့်ပါ။


ဒါဆိုရင် Cafezee Installation Box ပေါ်လာပါ့မယ်။ အဲဒီမှာ Choose Language ဆိုပြီး Language ကို
ရွေးချုယ်ခိုင်းပါလိမ့်မယ်။ English Language ကို ရွေးပြီးရင် Next ကိုနှိပ်ပါ။ ပုံ(2) တွင် ကြည့်ပါ။



Welcome Page ထပ်ပေါ်လာပါ့မယ်။ ၄င်း Page သည် Cafezee Program ကို Install လုပ်မယ်လို့
ပြောတာဖြစ်တယ်။ Next ကို နှိပ်ပါ။ ပုံ (3) တွင် ကြည့်ပါ။


License Agreement Page ပေါ်မယ်။ I accept the terms of the licensce agreement ရဲ့ Check Box
ကို On ပေးပြီး၊ ပြီးရင် Next ကို နှိပ်ပါ။ ပုံ(4) တွင် ကြည့်ပါ။

Step Type Page ပေါ်လာပါ့မယ်။ အဲဒီမှာ Server နဲ့ Client (၂) မျိုးရှိတယ်။ အခုကျွန်တော်တို့က Server
ကို Install လုပ်ရမယ်ဖြစ်လို့ Server ရဲ့ Check Box Option ကိုပဲရွေးပြီး Next ကို နှိပ်ပါ။ ပုံ (5)
တွင်ကြည့်ပါ။



ှSelect Destination Directory Page ပေါ်လာပါ့မယ်။ မိမိရဲ့ Cafezee Software ကို
ဘယ်လမ်းကြောင်းထဲမှာသိမ်းမယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။ အကယ်၍ မိမိက
လမ်းကြောင်းကိုပြောင်းသိမ်းမယ်ဆိုရင်လည်း Browse Button ကိုနှိပ်ပြီး မိမိသိမ်းမယ့်လမ်းကြောင်းကို
ရွေးချယ်လို့ရပါတယ်။ Cafezee Software ကိုထားမယ့် Default Location ကတော့ C: \ WINDOWS \
System 32 ရဲ့ အောက်မှာပဲ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ပုံ(6) တွင်ကြည့်ပါ။



Select Program Folder Page ပေါ်လာလိမ့်မယ်။ ၄င်း Page သည် မိမိ Install လုပ်မယ့် Cafezee Program
ကို ဘယ် Program Folder ရဲ့ အောက်ထားမှာလည်းဆိုပြီးတော့ ပြတာဖြစ်တယ်။ Default Location
ကတော့ Program Folder ရဲ့အောက်မှာ ထားရှိမှာဖြစ်ပါတယ်။ ၄င်းနောက် Next ကိုနှိပ်ပါ။ Installation
Page ပေါ်လာပြီးတော့ မိမိရဲ့ Cafezee Software ကို Install လုပ်သွားပါလိမ့်မယ်။

Finish ဆိုတဲ့ Page ပေါ်လာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မိမိရဲ့ Cafezee Software ကို Install
လုပ်တာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် Finish ကို နှိပ်ပါ။ ပုံ (7) တွင်ကြည့်ပါ။



ကောင်းပြီ.....အခုကျွန်တော်တို့တွေ Cafezee Server ကို Install လုပ်တာပြီးဆုံးသွားပြီဖြစ်လို့
....ဆက်လက်ပြီး Cafezee Setting ထဲမှာ User တွေအ တွက် Internet Usage or Game Usage
ပြုလုပ်မှုတွေအတွက် ငွေပမာဏဘယ်လောက်ပေးဆောင်ရမယ်ဆိုတဲ့ Setting တွေကို ထည့်ပေးလိုက်ကြရ
အောင်။ Cafezee တွင် ငွေပမာဏ Setting ထည့်ပုံနှင့် Admin Password ပြောင်းလဲပုံ Cafezee Setting
ထဲတွင် ငွေပမာဏထည့်ရန် Setting ချပေးရမှာဖြစ်လို့ Start > Program > Cafezee ထဲက Server ကို
ဖွင့်ပါ။ ပုံ (8) တွင်ကြည့်ပါ။


ဒါဆိုရင် Cafezee-Control Centre ပွင့်လာပါလိမ့်မယ်။ အဲဒီမှာ ကျွန်တော်တို့က Cafezee Setting
ချနိုင်ဖို့ရန် ဦးစွာပထမ Login ကိုနှိပ်ပြီး Login ၀င်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Login ၀င်ရန် Login ကို
နှိပ်ပါ။ ဒါဆိုရင် Staff/ Admin Password တောင်းပါလိမ့်မယ်။ အဲဒီမှာ ကျွန်တော်တို့ ရိုက်ထည့်ရမယ်။
Password သည် "india" ဆိုတဲ့ Password  ဖြစ်ပါတယ်။ ၄င်း Password သည် Cafezee Program ရဲ့
Default Password ဖြစ်ပါတယ်။ Staff/ Admin Password မှာ "india" ဆိုတဲ့ Password ကိုထည့်ပြီး Login
ဝင်ပါ။ ပုံ (9) တွင်ကြည့်ပါ။

9

Cafezee ရဲ့ Default Password နဲ့ Login ၀င်ပြီးသွားပြီဆိုရင်တော့ အခုဆက်လက်ပြီးလုပ်ရမှာက
Password ကို Change ရမှာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ Cafezee ရဲ့ Default Password သည်
စိတ်မချရပါဘူး။ ဒီတော့ Cafezee ရဲ့ Password ကို ပြောင်းလဲပေးမယ်ဆိုရင် File ထဲကနေ Change
Password ကို နှိပ်ပါ။
Cafezee Program ထဲက File > Change Password ကိုနှိပ်ပြီး Cafezee Change Password ကို
နှိပ်ပြီးသွားပြီဆိုရင် Cafezee Change Password Box ပေါ်လာလိမ့်မယ်။ အဲမှာ Old Password, New
Password, Confirm Password ပေါ်လာပါ့မယ်။ Old Password နေရာမှာ "india" Password ကို ထည့်ပါ။
New Password နှင့် Confirm Password နေရာမှာတော့ မိမိပြောင်းလဲမယ့် Password ကို ထည့်ပါ။ ပြီးရင်
Ok ကိုနှိပ်ပါ။
ပုံ (10) တွင်ကြည့်ပါ။


Password Change ပြီးသွားပြီဆိုရင်တော့ မိမိရဲ့ Password ပြောင်းလဲမှုပြီးဆုံးကြောင်းပြပါလိမ့်မယ်။


မှတ်ချက်။    ။မိမိပြောင်းလဲလိုသော Cafezee Password သည် နောက်တစ်ခါ Login ပြန်ဝင်မည်ဆိုပါက
၎င်း Password နဲ့ပဲပြန်ဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မမေ့လျော့အောင် သေသေချာချာမှတ်သားထားရမှာ
ဖြစ်ပါတယ်။

အခုကျွန်တော်တို့တွေ User တွေအတွက် Internet Usage Or Game Usage ဘယ်လောက်ကျသလဲဆိုတဲ့
Setting ကိုချကြရအောင်...ဒါကြောင့် Cafezee Control Centre ထဲက Setting ထဲက >Post - Paid
Schemes ကိုနှိပ်ပါ။ ပုံ (11) တွင်ကြည့်ပါ။


ဒါဆိုရင် Cafezee -Post -Paid Schemes Box ပေါ်လာပါမယ်။ အဲဒီမှာ Record ဆိုတဲ့ Button ရှိပါတယ်။
၎င်း Button ကို နှိပ်ပါ။ ပြီးရင်အဲဒီ Button ထဲက Add Button ကို နှိပ်ပါ။ ပုံ (12) တွင်ကြည့်ပါ။



Add Button ကိုနှိပ်လိုက်ပြီဆိုရင် Details Section ထဲမှာ Scheme, Minimum Amount တို့ကို
ထည့်သွင်းလို့ရမှာ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ဦးစွာ ပထမ User တွေအတွက် 1 Hours ကို
ဘယ်လောက်ပူမယ်ဆိုတဲ့ နှုန်းကို သတ်မှတ်မှာဖြစ်ပါတယ်။ ဒါကြောင့် Allow Happy Hours Check Box ကို
ပိတ်ပြီး Solt Record ထဲက Add button ကို နှိပ်ပါ။ ပုံ 13 တွင် ကြည့်ပါ။



Cafezee Add Slot Box ပေါ်လာပါလိမ့်မယ်။ အဲဒီအချက်မှာ ကျွန်တော်တို့က Internet or Game Usage
ကို  ၁ နာရီ ၄၀၀ ကျပ်သတ်မှတ်မှာ ဖြစ်လို့ From Duration (Min) မှာ ၀ ထားပြီး To Duration (Min) 15
လို့ ထားပါမယ်။ Amount မှာတော့ 100 ထားပါမယ်။ အဲဒီလိုပဲ မိနစ် 30 ဆို 200 နဲ့ 45 မိနစ်ဆိုရင် 300 ၊
မိနစ် 60 ဆိုရင် 400 စသဖြင့်သတ်မှတ်ပြီးရင် Ok ကိုနှိပ်ပါ။
အောက်ကပုံကို ကြည့်ပါ။







အထက်ပါအဆင့်အတိုင်းပဲ Slot Record ထဲက Add Button ကိုနှိပ်ပြီး ဘယ်လောက် Minute ကြာရင်
ဘယ်လောက်ယူမယ်ဆိုတဲ့အကြောင်းကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ပုံ 15 တွင် ကြည့်ပါ။



ကောင်းပြီ ။အဲ Setting တွေအားလုံးပြီးသွားပြီဆိုရင်တော့ Scheme ထဲမှာ Internet Usage
လို့နာမည်ပေးပါ။ ပြီးရင် Minimum Amount မှာ 100 လို့ ထည့်ပေးပါ။ ပြီးရင် Save Button ကို နှိပ်ပါ။ ပုံ
16 တွင် ကြည့်ပါ။



အဲဒီ Save Button ကိုနှိပ်ပြီးပြီဆိုတာနဲ့ Client Computer တွေအားလုံးကို Synchronize လုပ်မယ်လို့
ပြောပါမယ်။ ဒါကြောင့် Synchronize Changed Settings Only ကို နှိပ်ပါ။ပုံ 17 တွင် ကြည့်ပါ။


ကောင်းပြီ ဒါဆိုရင်တော့ Cafezee Setting သတ်မှတ်ခြင်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။
အခုကျွန်တော်တို့တွေ Cafezee Server မှာ Setting သတ်မှတ်ခြင်းပြီးဆုံးသွားပြီဖြစ်လို့ Client Computer
တွေမှာလည်း ဘယ်လိုမျိုး Cafezee Setting သတ်မှတ်လို့ ရတယ်ဆိုတာကို
ဆက်လက်ကြည့်လိုက်ပါဦးနော်...။

Cafezee Software ကို မိမိအသုံးပြုမယ့် Client Computer စက်မှာ Install လုပ်ဖို့ရန်အတွက် Cafezee
Software ရှိတဲ့ CD Driver or Hard Disk ရဲ့ Partition  ထဲသို့ဝင်ပါ။ ပြီးရင် Cafezee Setup File ကို
Double Click နှိပ်ပြီး Run ပါ။   ပုံ (18) တွင် ကြည့်ပါ။



Cafezee Setup File ကို Run လိုက်ရင်တော့ Cafezee Installation Box ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိကို
Language ရဲ့ Install လုပ်မှာလည်းဆိုပြီး မေးပါလိမ့်မယ်။ English Language ကိုပဲရွေးပြီး Next ကိုနှိပ်ပါ။
ပုံ (19) တွင် ကြည့်ပါ။


Welcome Page ပေါ်လာပါလိမ့်မယ်။ Next ကို နှိပ်ပါ။ ပုံ (20) တွင် ကြည့်ပါ။

Licensce Agreement Page ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ I accept the terms of Licensce agreement
check box ကို On ပေးပါ။ ပြီးရင် Next ကို နှိပ် ပါ။ပုံ (21) တွင် ကြည့်ပါ။


Setup Type Page ပေါ်လာပါမယ်။ အဲဒီမှာ ကျွန်တော်တို့က Cafezee Client Computer မှာ Install
လုပ်တာဖြစ်လို့ Client ကိုပဲ ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။ Client ကို ရွေးပြီးသွားရင် Next ကို နှိပ်ပါ။ပုံ
(၂၂) တွင် ကြည့်ပါ။


Select Destination Directory Page ပေါ်ပါမယ်။ Next ကို နှိပ်ပါ။ ပုံ (၂၃) တွင် ကြည့်ပါ။



Select Program Folder Page ပေါ်ပါမယ်။ Next ကို နှိပ်ပါပြီးရှေ့ဆက်သွားပါ။



Installing Page ပေါ်မယ်။ အခုအဆင့်မှာတော့ Cafezee Client Software ကို Install လုပ်သွားပါလိမ့်မယ်။

ကဲကဲ အခု Cafezee Client ကို Install လုပ်တာပြီးဆုံးသွားပြီဖြစ်လို့ Finish ကို နှိပ်လိုက်ပါ။





အဟမ်း....Cafezee Client ကို Install လုပ်တာပြီးသွားပေမယ့် အားလုံးပြီးဆုံးပြီလို့မထင်လိုက်နဲ့ဦးနော်။
ဆက်လုပ်ရမယ့်အပိုင်းတွေကျန်သေးတယ်ဗျ။ ဒါကြောင့် Start > Program > Cafezee ထဲကို Client ကို
နှိပ်ပါ။




ဒါဆိုရင် Cafezee Client Software ပွင့်လာပါမယ်။ အဲဒီမှာ Client Configuration Section ထဲက Server/
IP Name ကို တွေ့ရပါမယ်။ အဲဒီအထဲမှာ ကျွန်တော်တို့က Cafezee Server ရဲ့ IP Address ကို
အတိအကျရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ မှားလို့မရပါဘူး။ နောက်ပြီး Bandwidth Adapter မှာလည်း
မိမိစက်ရဲ့ Network Card နာမည်ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ Ok Button ကို
နှိပ်လို့ရပါပြီ။



အခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ Cafezee Client သည် Cafezee Server ကြီးနဲ့ချိတ်ဆက်မိသွားပြီဖြစ်လို့
Cafezee Server ကြီးကနေတစ်ဆင့် ထိန်းချုပ် မှုတွေပြုလုပ်လို့ ရသွားပါပြီ။
ကောင်းပြီ အခုဆိုရင် Cafezee Software ကိုအသုံးပြုတတ်သွားလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ရဲ့ Cafezee Software အကြောင်းကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။