ကဲ...ဒီတစ်ခေါက်တော့ Windows Server 2008 အတွင်းမှာ အသစ်ပါဝင်လာတဲ့ Console တစ်ခုနဲ့
မိတ်ဆက်ပေးပါရစေ။ ၎င်း Console မျိုးကို သင်တို့လည်း Server 2003 မှာ တစ်ခြားသော ပုံစံ Type
တစ်မျိုးနဲ့ မြင်ဖူးနေကြပါ။ Server 2003 မှာတော့ Manage Your Server ပေါ့။ ၎င်း Manage Your Server
ကနေမှတစ်ဆင့် သင်သည် Server ရဲ့ Role တွေကို တပ်ဆင်နိုင်ခြင်း၊ ဖြုတ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ဒီလိုပါပဲ။ Microsoft ကနေမှတစ်ဆင့် ၎င်းရဲ့ Server 2008 မှာတော့ နောက်ထပ် Console အသစ်တစ်ခုနဲ့
ထည့်သွင်းအသုံးပြုလာပါတယ်။ ၎င်း Console ရဲ့ နာမည်ကတော့ Server Manager ဆိုတဲ့ Console
ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၎င်း Server Manager ဆိုတဲ့ Console ကနေမှတစ်ဆင့်သင်သည် Server
System တစ်ခုလုံးနီးပါးကို တစ်နေရာထဲမှနေ ၀င်ရောက်ထိန်းချုပ်နိုင်ပါတယ်။ ကဲ အောက်မှာ ၎င်း Server
Manager ကို ဘယ်ကနေမှ ၀င်ရောက်နိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ လေ့လာကြည့်ကြမယ်နော်။
ကဲ..ဒုတိယပုံမှာတော့ Server Manager Console ကို တွေ့ရှိသွားပါပြီ။
ကဲ...၎င်း Server Manager ထဲရောက်သွားပြီဆိုရင် သင်သည် Group ပေါင်း(၅)ခုကို
အစဉ်လိုက်တွေ့ရပါမယ်။ ဒါတွေကတော့ သင်(လုံးဝ)နားလည်ရမယ်နော်။ ဒါတွေက အရေးကြီးတယ်။
နောက်ပြီး တစ်ခုချင်းစီက ဘာတွေလုပ်ပေးတာလဲဆိုတာ သိဖို့လိုအပ်တယ်။ ကဲ ဒီတော့ Server Manager
ထဲမှာ မြင်တွေ့ရမယ့် Group အရေအတွက်က (၅)ခုတိတိရှိပါတယ်။ ဒါတွေကတော့_
(1)Roles ( Server ရဲ့ Roles များကို ထပ်မံတပ်ဆင်နိုင်ခြင်းနှင့် ပြန်လည်၍ ဖြုတ်ချနိုင်ခြင်း )
(2)Features ( Server 2008 ၌ နောက်ထပ်ပါဝင်လာသော Features များကို ထည့်သွင်းနိုင်ခြင်းနှင့်
ပြန်လည်၍ ဖြုတ်ချနိုင်ခြင်း၊ ဥပမာ....၎င်း Features ၌ Windows Server Backup များ၊ Bitlocker Drive
Encryption တို့ ဖြစ်ပါတယ်။)
(3)Diagnostics (၎င်းအတွင်း၌ Log များကို ၀င်ရောက်ကြည့်ရှုနိုင်ခြင်းဆိုတဲ့ Event Viewer Device Manager တို့နဲ့ Performance များကို ထိန်းချုပ်နိုင်ခြင်း။
(4)Configuration အတွင်း၌ (Schedule Task များ၊ Windows Server ရဲ့ Firewall များ၊ Services နှင့် WMI Control များ) ကို သတ်မှတ်ထိန်းချုပ်နိုင်ခြင်းနှင့်
(5) Storage အတွင်း၌ (Disk Management နှင့် Windows Server Backup တို့ပါဝင်ခြင်း)
စသည်တို့ဖြစ်ပါတယ်။
ကဲ...ဒီတော့ အခုပြောပြတဲ့ ဆောင်းပါးမှာ Server Manager ဆိုတဲ့ Console ကို အခြေခံသဘောတရားအရ
ပြောပြခဲ့ပါတယ်။ ဒီတော့ နောက်ပိုင်းဆောင်းပါးတွေမှာ ၎င်း Server Manager ထဲကို ၀င်ရောက်ပြီး
ပြင်ဆင်တော့မှာပါ။ ဒီတော့ သင်သည် အခုလက်ရှိဖတ်နေတဲ့ ဆောင်းပါးကို
အသေးစိတ်နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်နောက်ပိုင်း Configuration တွေကို
နားလည်နိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment