Printer Permission အကြောင်းသိကောင်းစရာ
ကဲ....ဒီတစ်ခါတော့ Printer Permission တဲ့။ Printer Permission ဆိုတော့ Printer နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်း စတဲ့ အကြောင်းအရာတွေပေါ့။ Files တွေ၊ Folders တွေမှာမှ Permission တွေ ရှိတာ မဟုတ်ပါဘူး။
Printer မှာလည်းပဲ Permission တွေရှိပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ ဥပမာဗျာ မိမိရဲ့လုပ်ငန်းခွင်မှာ Computer တွေ အများကြီးကို Network ချိတ်ဆက်ပြီး အသုံးပြုတယ်။ ၎င်း Network အတွင်းမှာလည်း User တွေက အများကြီး။ ဒါပေမယ့် Network ကြီး တစ်ခုလုံးမှာ Network Printer တစ်လုံးပဲရှိမယ်။ ဒီ Printer တစ်လုံးထဲကိုပဲ User တွေ အားလုံးက အသုံးပြုကြမှာ။ဒီတော့ ၎င်း Printer နဲ့ ပတ်သက်ပြီး User တွေ အပေါ် Permission တွေ သတ်မှတ်ထားသင့်တာပေါ့။
ဥပမာဗျာ ဘယ် user ကိုတော့ဖြင့် Print ထုတ်ခွင့်ပေးမယ် ။ ဘယ် user ကိုတော့ဖြင့် Printer ကို Manage လုပ်ခွင့်ပေးမယ်။ မည်သူ့ကိုတော့ဖြင့် Print ထုတ်ခွင့်မပေးဘူး စသဖြင့် Permission တွေ သတ်မှတ်ထားလို့ ရပါတယ်။
Printer နဲ့ ပတ်သက်လို့ Permission အမျိုးအစားသုံးမျိုးရှိပါတယ်။ ၎င်းတို့မှာ
(၁) Print permission
(၂) Manage Printer permission
(၃) Manage Document permission တို့ ဖြစ်ကြပါတယ်။
Print Permission ဆိုတာကတော့ ရှင်းရှင်းလေးပါပဲ။ Print ထုတ်ခွင့်ပေးတာပေါ့။ Print Permission ရထားတဲ့သူက Print out လုပ်ခွင့်ရှိတယ်။ Print Permission မရထားတဲ့သူကတော့ Print out လုပ်ခွင့်မရှိဘူး။ Default Permission အရတော့ Everyone ဟာ Print Permission ကို ရထားကြပါတယ်။ ဒါပေမယ့် မိမိက Print ထုတ်ခွင့်မပေးချင်တဲ့ User ကို Permission ပိတ်ထားလို့ရပါတယ်။
နောက် Manage Printer Permission ဆိုတာကတော့ Printer ကို ခြယ်လှယ်ခွင့်ရှိတာ။ Manage Printer Permission ကို ရထားတဲ့သူတိုင်းက ဒီ Printer နဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်။ ဆိုလိုတာက Printer Setting တွေ၊ Configuration တွေကို Modify လုပ်ခွင့်ရှိတယ်။ Printer ရဲ့ Default Permission အရတော့ Administrator's တွေ၊ Print Operators တွေ၊ Server Operators တွေကပဲ Manage Printers Permission ကို ရရှိတာ ဖြစ်ပါတယ်။ Manage Document Permission ဆိုတာကတော့ Print Documents တွေနဲ့ ပတ်သက်ပြီး ခြယ်လှယ်ပိုင်ခွင့်ရှိပါတယ်။ User တွေ အများကြီးကနေ Print Job တွေကို Printer ဆီကို Print ထုတ်ဖို့အတွက် ပေးပို့ထားတယ်။ Manage Document Permission ရထားတဲ့သူတိုင်းက ၎င်း Print Document တွေကို Cancel လုပ်ပစ်နိုင်တယ်။ Pause လုပ်ထားနိုင်တယ်။ Resume လုပ်ထားလို့ ရတယ်။ Restart ပြန်လုပ်လို့ရတယ်။ နောက်ပြီး အရေးကြီးတဲ့သူကို ဦးစားပေးစနစ်နဲ့ Print ထုတ်ခွင့်ပေးတာတွေကိုလည်း ပြုလုပ်ပိုင်ခွင့် ရှိတယ်။ Default Permission အရတော့ Creater Owner ၊ Administrators ၊ Print Operators နဲ့ Server Operators တွေက ၎င်း Manage Document Permission ကို ရရှိပါတယ်။ Printer တစ်လုံးကို ဘယ်လို Permission တွေ သတ်မှတ်မလဲဆိုတော့
ပထမဦးစွာ ၎င်း Printer ပေါ်မှာ Right Click နှိပ်ပြီး Properties ကို ထားပါ။
Printer Properties Box ကျလာပါပြီ။
၎င်း Printer Properties Box ထဲက Security Tab ကို သွားလိုက်ပါ။
အဲဒီမှာ Printer နဲ့ ပတ်သက်လို့ Permission တွေ တွေ့ပါလိမ့်မယ်။ အဲဒါတွေကတော့ Default Permission တွေဖြစ်ပါတယ်။ မိမိက Permission သတ်မှတ်ပေးချင်တယ်ဆိုလို့ရှိရင် မိမိ Permission သတ်မှတ်မယ့် User (or) Group တွေကို Add Button ကို အသုံးပြုပြီး ထည့်ရမှာပါ။ ဒါကြောင့် Add ကို နှိပ်လိုက်ပါ။
မိမိရွေးချယ်တဲ့ User ကို ရွေးဖို့ Box ကျလာပါပြီ။
၎င်း Box ထဲက Advanced ကို နှိပ်ပါ။ ၎င်းနောက် Find Now ကို ဆက်နှိပ်ပါ။
အဲဒီမှာ မိမိ Permission ပေးချင်တဲ့ User ကို Select မှတ်ပါ။ ဥပမာအနေနဲ့ Client1 ကို ရွေးလိုက်ပါတယ်။
မိမိ User ရွေးပြီးလျှင် OK ကို နှိပ်လိုက်ပါ။ နောက်ထပ် Box ထဲမှာလည်း OK ကို ထပ်နှိပ်ပါ။ ဒါဆိုရင် Client1 ကို Print နဲ့ ပတ်သက်လို့ Permission ပေးလို့ ရပါပြီ။
Client1 ကို Select မှတ်လိုက်တာနဲ့ တစ်ပြိုင်တည်း သူ့ရဲ့ Default Permission က Print မှာ ရှိနေပါတယ်။
ဒါပေမယ့် မိမိက Client1 ကို Manage Document Permission ရော ပေးချင်တယ်ဆိုရင် Manage Document ရဲ့ Allow ဘက်မှာရှိတဲ့ Check Box ကို "On" ပေးပါ။
၎င်းနောက် Apply ကို နှိပ်ပါ။ OK ကို ထပ်နှိပ်ပါ။ ဒါဆိုလို့ရှိရင် Client1 ကို Print Permission နဲ့ Manage Document Permission နှစ်ခုလုံးပေးပြီး သွားပါပြီ။ Client1 ဟာဆိုရင် ၎င်း Print နဲ့ ပတ်သက်လို့ Print ထုတ်ခွင့်လည်း ရှိတယ်။ Print Document တွေကို Manage လုပ်ပိုင်ခွင့်လည်း ရှိသွားပါပြီ။
No comments:
Post a Comment